Serie-A News

ပြန်လာမည်ဆိုတဲ့ မန်ချီနီ

Dec 11 , 2014

မိမိ၏ အင်တာအသင်းအနေနှင့် အိမ်ကွင်းတွင် အူဒီးနီးစ်ကို ၁း၂ ဖြင့် ရှုံးခဲ့ရသော်လည်း မကြာမီ ရလဒ်ကောင်းများ ပြန်ရလာစေရမည်ဟု နည်းပြ မန်ချီနီက ပြောဆို လိုက်သည်။

အင်တာအသင်းမှာ စီးရီးအေတွင် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၂ သို့ ရောက်နေပြီး ယနေ့ည ယူရိုပါလိဂ်ပွဲအဖြစ် ကာရာဘက်အသင်းနှင့် ကစားရဦးမည် ဖြစ်သည်။

သို့သော် ယင်း ယူရိုပါလိဂ်တွင်မူ အင်တာမှာ အုပ်စု ဗိုလ်ဖြစ်ရန် သေချာနေပြီဖြစ်ပြီး နောက်တစ်ဆင့်တက်ခဲ့ပြီ ဖြစ်သည်။

မန်ချီနီက မိမိတို့အနေနှင့် ယနေ့ညပွဲတွင် အုပ်စုတက်ပြီးဖြစ်သော်လည်း အကောင်းဆုံး ကစားသွားမည်ဖြစ်ပြီး လာမည့် စီးရီးအေပွဲစဉ်များအတွက် ယုံကြည်ချက်ရရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here