Serie-A News

ရှယ်ယာရောင်းတဲ့ ပါးမား

Dec 12 , 2014

ရုန်းကန်နေရသော စီးရီးအေကလပ်း ပါးမားသည် ၎င်းတို့၏အဓိက ရှယ်ယာအများစုကို ထုတ်ရောင်းလိုက်ပြီ ဖြစ်သည်။

အသင်းသားများနှင့် ၀န်ထမ်းများ၏ လစာပေးချေရန် ပျက်ကွက်ခဲ့မှုကြောင့် တစ်မှတ်လျှော့ပြစ်ဒဏ်နှင့် ယူရို ၅၀၀၀ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချခံခဲ့ရသော ပါးမား၏ ရှယ်ယာအများစုကို ၀ယ်ယူကာ ထိန်းချုပ်သွားမည့် ကုမ္ပဏီမှာ အီဗန်တီ စပေါ့တီဗီ SPA ဖြစ်သည်။

လစာပေးချေရန် ပျက်ကွက်ခဲ့သည့် အမှုအတွက် အသင်းဥက္ကဌ ဂီရာဒီနှင့် CEO  လီယိုနာဒီတို့မှာ ကလပ်နှင့် ပတ်သက်သည့်ကိစ္စများတွင် ၂ လတာ ပါဝင်ခြင်းမရှိရန်နှင့် ဒဏ်ကြေး ယူရို ၅၀၀၀ စီပေးဆောင်ရန် အမိန့်ချခံထားရပြီး ဖြစ်သည်။

ပါးမားအသင်း တရားဝင် ၀က်ဘ်ဆိုက်မှ ယခု ရှယ်ယာရောင်းမှုကို ဖော်ပြခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရှေ့နေတစ်ဦးဖြစ်သူ ပိုစီယို၏ ရှေ့မှောက်တွင် ကုမ္ပဏီသစ်အား အသင်းကို ထိန်းချုပ်ပိုင်ခွင့် တရားဝင်ပေးအပ်ပွဲ ပြုလုပ်လိမ့်မည် ဖြစ်သည်။

ထို့အတူ သတင်းစာရှင်းလင်းပွဲကိုပါ တပါတည်း ကျင်းပသွားလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here