Bundesliga News

ကာဂါဝါကို ယုံတဲ့ ကလော့ပ်

Dec 12 , 2014

ဒေါ့မွန်နည်းပြ ဂျာဂင်ကလော့ဂ်က သူ့အနေနှင့် ဂျပန်ကစားသမား ကာဂါဝါမှာ အကောင်းဆုံးပုံစံသို့ ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

ကာဂါဝါမှာ မန်ယူတွင် ၂ ရာသီကြာ နေခဲ့ပြီးနောက် ဒေါ့မွန်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီတွင် ဒေါ့မွန်အတွက် ခြေစွမ်းမပြနိုင်ပဲ ရှိနေသည်။

ဒေါ့မွန်အသင်းမှာလည်း ချန်ပီယံလိဂ်တွင် အခြေအနေ ကောင်းသော်လည်း ဘွန်ဒစ်လီဂါ အမှတ်ပေးပွဲတွင် ရလဒ်ဆိုးများနှင့် ကြုံခဲ့ရပြီး ဇယားအောက်ဆုံး အထိ ရောက်ခဲ့ရကာ ပြီးခဲ့သောပွဲစဉ်တွင်မှ နိုင်ပွဲရခဲ့၍ အဆင့် ၁၄ သို့ တက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

ကာဂါဝါမှာ ဒေါ့မွန်၏ အန်းဒါးလက်ခ်ျနှင့် ကစားရသော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ခဲ့ရပြီး ပထမပိုင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ကစားပုံကို မိမိကျေနပ်ကြောင်း နည်းပြကလော့ပ်က ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here