La-liga News

လိုချင်သူများနေသော ရာကီတစ်

Jun 19 , 2014

ဆီဗီးလားကွင်းလယ်ကစားသမား ရာကီတစ် ကို လာလီဂါထိပ်တန်းကလပ်ကြီး ၃ ခုက ခေါ်ယူခွင့်ရရန် ကြိုးစားနေကြောင်း သိရသည်။
   ၂၆ နှစ်သား ဆီဗီးလား ကပ္ပတိန်ရာကီတစ် ကို ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို စသည့် စပိန်ကလပ်ကြီးများ က ခေါ်ယူနေလိုသကဲ့သို့ PSG၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်စီးတီး စသော ဥရောပထိပ်တန်း ကလပ်များကလည်း ချိတ်ဆပ်ရန် ကြိုးစားလျှက် ရှိနေသည်။ ခရိုအေးရှား လက်ရွေးစင် အသင်းအတွက် ၆၁ ပွဲ ကစားပေးပြီးခဲ့သည့် ရာကီတစ်အတွက် လာမည့် ကမ္ဘာ့ဖလားပွဲပြီးမှာသာ စဉ်းစားဆုံးဖြတ်မည်ဟု သူ၏ဖခင်ဖြစ်သူ ပြောဆိုထားသည်။ ဘောလုံးသမား အပြောင်းအရွှေ့များ မှာ ကမ္ဘာ့ဖလားပွဲပြီးမှသာ ပိုမိုအလုပ်ဖြစ်ကြ မြဲဖြစ်ပြီး လောလောဆယ်တွင် ကမ္ဘာ့ဖလား ကစားရမည့် ကစားသမားတိုင်းမှာ ၎င်းတို့၏ အသင်းများနှင့် လေ့ကျင့်ရေးဆင်းနေကြရလျှက် ရှိနေသည်။

U Myo Thant




<< Back La-liga News


Advertisement
Here