La-liga News

အနာဂတ် မရေရာတဲ့ ကော်တွိုက်စ်

Jun 19 , 2014

အက်သလက်တီကိုအသင်းမှာ ဂီတာဖေးမှ ဂိုးသမား မိုရာကို ခေါ်ယူခဲ့သဖြင့် လက်ရှိဂိုးသမား ကော်တွိုက်စ်အတွက် မရေရာသော အနေအထားသို့ ရောက်သွားစေခဲ့သည်။
  ကော်တွိုက်စ်မှာ ချဲလ်ဆီးမှ အက်သလက်တီကိုသို့ အငှားစာချုပ်ချုပ်ဖြင့် လာကစားနေသည်မှာ ၃ ရာသီရှိနေပြီဖြစ်ပြီး ယခု မိုရာရောက်ရှိ လာခြင်းကြောင့် လာမည့်ရာသီတွင် မည်သည့် အသင်း၌ ရှိနေမည်ကို မသိနိုင်သေးပေ။ သူသည် အက်သလက်တီကို ၏ ရာသီသိမ်းပွဲစဉ်ဖြစ် သည့် ရီးရဲလ်နှင့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တွင်ပါ ကစားခဲ့ရသူ ဖြစ်သည်။ စပိန်မီဒီယာများ၏ အဆိုအရ အက်သလက်တီကိုမှာ မိုရာကို ပြောင်းရွှေ့ကြေး ပေါင် ၂.၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မိုရာမှာ အက်သလက် တီကို၏ ဒုတိယမြောက် ခေါ်ယူ ခဲ့သော ကစားသမားဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းက အာဂျင်တီးနားတိုက်စစ်မှူး ကော်ရီယာကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here