Europe News

မက်ဆီကိုကျော်တဲ့ ဒီမာရီယာ

Dec 18 , 2014

အာဂျင်တီးနား အားကစားဂျာနယ်လစ်များကပေးသော နိုင်ငံခြား အခြေစိုက်အကောင်းဆုံး အာဂျင်တီးနား ကစားသမားဆုကို ဒီမာရီယာက ရရှိသွားခဲ့သည်။

၂၀၀၆ မှစ၍ နှစ်စဉ်လိုရခဲ့သော ဘာစီလိုနာမှ မက်ဆီမှ ၂၀၁၄ တွင် လွဲချော်သွားခဲ့ပြီ ဖြစ်သည်။

ဒီမာရီယာမှာ မန်ယူသို့ မပြောင်းရွေှ့မီ ရီးရဲလ်ကစားသမားဘ၀ဖြင့် ချန်ပီယံလိဂ်ဖလားရရန် ကြိုးစားပေးနိုင်ခဲ့သူ ဖြစ်သည်။

ထို့အတူ အာဂျင်တီးနား လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ရေးတွင်လည်း ဒီမာရီယာက အဓိက ကစားသမား တစ်ဦးအနေနှင့် ပါဝင်ခဲ့သူ ဖြစ်သည်။

သူသည် မန်ယူသို့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သော်လည်း လောလောဆယ်တွင် ဒဏ်ရာကြောင့် နားနေရသူ ဖြစ်သည်။

ပြည်တွင်း အခြေစိုက်အကောင်းဆုံး ကစားသမားဆုကို ဗီလက် ဆားစ်ဖီးလ်အသင်းမှ တိုက်စစ်မှူး ပရက်တိုက ရရှိသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here