La-liga News

ဖာဘရီဂက်စ် အသင်းပြောင်းပြီဟုဆို

Jun 19 , 2014

စပိန်နောက်ခံလူ ပီကေးက အသင်းဖော် ဖာဘရီဂက်စ်မှာ ဘာစီလိုနာမှ ထွက်ခွာသွားပြီဟု ဆိုလိုက်သည်။
   သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် စပိန်သား ပီကေးက ဖာဘရီဂက်စ်က သူအသင်းပြောင်းသွားပြီလို့ ကျွန်တော်ကိုပြောခဲ့ပါ တယ်၊ ပြောင်းရွှေ့ကြေးက ပေါင် ၃၃ သန်းလို့ ဆိုပါတယ်ဟု ပြောဆိုခဲ့ပြီး ဖာဘရီဂက်စ်ထံမှာမူ မည်သည့် အတည်ပြုချက်မှ မရရှိသေးပေ။ စပိန်နည်းပြ ဒဲလ်ဘော့စကေးက ဒီသတင်းဟာ အမှန်ဆိုရင် ဘာစီလိုနာ ဥက္ကဌကို အပြစ်တင်ရမလားပါပဲ၊ ဒီလိုကစားသမားမျိုးကို အလွယ်ထုတ်ရောင်းလိုက်လို့ပါ ဟု ပြောဆိုသွားခဲ့သည်။ ဤသတင်းအပေါ်တွင် ယုံကြည်သူများရှိသကဲ့သို့ ဖာဘရီဂက်စ်ထံမှ မည်သည့်စကား မျှ မကြားရ၍ မယုံကြည်သေးသော ပရိသတ်များလည်း ရှိနေကြသေးည်။

U Myo Thant




<< Back La-liga News


Advertisement
Here