FA Cup News

ပင်နယ်တီ ၃၂ ခါ ကန်ရတဲ့ပွဲ

Dec 18 , 2014

FA ဖလား ဒုတိယဆင့်ပွဲစဉ်အဖြစ် ကွန်ဖရင့်လိဂ်မှ ဝေါဆက်စတာ စီးတီးနှင့် လိဂ်ဝမ်းမှ စကန်သော့ ယူနိုက်တက်ပွဲစဉ်တွင် အချိန်ပိုပြီးသည်အထိ ၁ ဂိုးစီ သရေကျနေခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ရယူရာတွင် စုစုပေါင်း ပင်နယ်တီ ၃၂ ကြိမ်အထိ ကန်ခဲ့ပြီးမှ အနိုင်အရှုံး အဖြေ ပေါ်ခဲ့ကြသည်။

ထိုပွဲစဉ် ပထမပိုင်းထပ်ဆောင်း အချိန်ပိုတွင် စကန်သော့က ဂိုးစရခဲ့ပြီး ဒုတိယပိုင်း ၆၉ မိနစ်တွင် ဝေါဆက်စတာက ချေပဂိုး ရခဲ့သည်။

သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြင် အချိန်ပို မိနစ် ၃၀ တွင်ပါ နှစ်သင်းလုံး ဂိုးထပ်မံသွင်းနိုင်ခဲ့၍ ပင်နယ်တီအဆုံးအဖြတ် ရယူခဲ့ရာတွင် နှစ်သင်းပေါင်း ပင်နယ်တီ ၃၂ ကြိမ် ကန်ခဲ့ရပြီး စကန်သော့ ယူနိုက်တက်က ၁၄ ဂိုး-၁၃ ဂိုး ဖြင့် အနိုင်ရပြီး FA ဖလား တတိယဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here