Europe News

မျှော်လင့်နေတဲ့ ဘင်နီတက်ဇ်

Dec 22 , 2014

ယနေ့ည ဂျူဗင်တပ်နှင့် ကစားရမည့် အီတလီ စူပါဖလားလုပွဲတွင် အနိုင်ရရန်အတွက်  နာပီုလီနည်းပြ ဘင်နီတက်ဇ်က မျှော်လင့်လျှက် ရှိနေသည်။

အီတလီ စူပါဖလားလုပွဲမှာ စီးရီးအေချန်ပီယံနှင့် ကိုပါအီတာလျံဖလား ချန်ပီယံတို့ ရာသီဝက်နားရက်များ မတိုင်မီ ကစားရခြင်းဖြစ်ပြီး ယခုပွဲကို ဒိုဟာတွင် ကျင်းပမည်ဖြစ်သည်။

ယခု ၂ သင်းမှာ စီးရီးအေတွင် ယခုရာသီတွေ့ဆုံရခြင်း မရှိသေးသည့် အသင်းများဖြစ်ပြီး ဇယားထိပ်မှ ဂျူဗင်တပ်က အဆင့် ၄ နာပိုလီထက် ၁၂ မှတ်အကွာဖြင့် ဦးဆောင်နေပြီး ရှုံးပွဲ ၁ ပွဲသာ ရှိသေးသည့် အသင်းဖြစ်သည်။

နာပိုလီမှာ စီးရီးအေ နောက်ဆုံး ၅ ပွဲတွင် အနိုင် ၁ ပွဲသာ ရှိသော်လည်း ယခု ဖလားလုပွဲတွင် ပိုမို၍ အစွမ်းပြနိုင်မည်ဟု မျှော်လင့်ထားသူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here