Bundesliga News

မရေရာတဲ့ ဟမ်းမဲလ်

Dec 22 , 2014

ဝါဒါဘရီမင်ကို ၂း၁ ဖြင့် ရှုံးခဲ့ပြီးနောက် တန်းဆင်းဇုန်ထဲရောက်သွားခဲ့ပြီးနောက် နောက်ခံလူ ဟမ်းမဲလ်က ဒေါ့မွန်အသင်းအပေါ် ဝေဖန်ခဲ့ပြီး ရှေ့ရေးမရေရာ ဟု ပြောဆိုခဲ့သည်။

ထိုရှုံးပွဲအပြီးတွင် ဟမ်းမဲလ် နှင့် နည်းပြ ကလော့ပ်တို့ အနာဂါတ်မှာေ၀၀ါးလာနေပြီဟု ထင်ကြေးပေးမှုများလည်း တိုးပွားလာလျှက် ရှိသည်။

ဟမ်းမဲလ်မှာ မန်ယူနည်းပြ ဗန်ဂေါလ် အသည်းအသန်လိုချင်နေသည့် နောက်ခံလူတစ်ဦး ဖြစ်ပြီး အခြား ဥရောပကလပ်များကပါ ခေါ်ယူလိုနေသည့် သူ၏ပြောင်းရွေှ့ကြေးမှာ ပေါင် ၄၅ သန်း ခန့် ရှိမည် ဖြစ်သည်။

ဘွန်ဒစ်လီဂါမှာ ရာသီဝက်နားချိန်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး အသင်း ၁၈ သင်းထဲတွင် ဒေါ့မွန်မှာ အဆင့် ၁၇ သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဂျာမနီအသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလား ရယူခဲ့သူ ဟမ်းမဲလ်က မိမိတို့အနေနှင့် လွန်ခဲ့သော အပတ်အိမ်ကွင်းပွဲတွင် ကစားပုံကောင်းခဲ့သော်လည်း ယခုပွဲတွင်မူ ထင်တိုင်းမပေါက်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here