Serie-A News

စိတ်ပျက်သွားတဲ့ အယ်လီဂရီ

Dec 23 , 2014

ဂျူဗင်တပ် နည်းပြ အယ်လီဂရီက နာပိုလီကို ပင်နယ်တီအဆုံးအဖြတ်နှင့် ရှုံးခဲ့ရသည့်အပေါ်များစွာ စိတ်ပျက်ရကြောင်း ပြောဆိုလိုက်သည်။

ဂျူဗင်တပ်အသင်းမှာ တီဗက်၏ဂိုးများဖြင့် ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း နာပိုလီ တိုက်စစ်မှူး ဟိုင်ဂူအင်က ၂ ကြိမ်လုံး ပြန်လည်ချေပနိုင်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ရသည်။

ပင်နယ်တီတွင် တီဗက်ဇ်မှာ လွဲချော်သူဖြစ်ခဲ့ရပြီး ၇ ဦးမြောက် ကန်ရာတွင် ဂျူဗင်တပ်အနေနှင့် ဂိုးရပါက နိုင်မည်ဖြစ်သော်လည်း ထပ်မံလွဲချော်ခဲ့သလို ၈ ဦးမြောက်နှင့် ၉ ဦးမြောက်တို့မှာလည်း ဂိုးမ၀င်ခဲ့ကြပေ။

ထို့ကြောင့် နောက်ဆုံးတွင် နာပိုလီက ပင်နယ်တီ အဆုံးအဖြတ် ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရသွားကာ နည်းပြ ဘင်နီတက်စ်အတွက် နည်းပြဘ၀ ၁၀ခု မြောက် ရရှိခဲ့သည့် ဖလားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here