Serie-A News

နည်းပြဖြစ်လာတဲ့ ဇိုလာ

Dec 26 , 2014

အသက် ၄၈ နှစ်ရှိပြီဖြစ်သော အီတလီတိုက်စစ်မှူးဟောင်း ဇိုလာမှာ စီးရီးအေ ကက်ဂလီယာရီကလပ် နည်းပြအဖြစ် တာဝန်ယူခဲ့ပြီ ဖြစ်သည်။

ယခုရာသီ စီးရီးအေပွဲစဉ် ၁၆ ပွဲတွင် အနိုင် ၂ ပွဲသာ ရထားပြီး အောက်ဆုံး ၃ သင်းစာရင်းဝင် ဖြစ်နေရသည့်အတွက် နည်းပြ ဇီမန်းကို ထုတ်ပယ်ခဲ့ပြီး ဇိုလာကို ခန့်အပ်ခြင်း ဖြစ်သည်။

ဇိုလာမှာ ကစားသမားဘ၀ကို ကက်ဂလီယာရီနှင့် အဆုံးသတ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးတွင် ၇ နှစ်ကြာ ကစားခဲ့ဘူးသူလည်း ဖြစ်သည်။

သူသည် နည်းပြဘ၀အဖြစ် ၀က်စ်ဟမ်းကို စတင်တာဝန်ယူခဲ့ပြီး ယင်းနောက် ၂ နှစ် နီးပါးအကြာ ၂၀၁၀ တွင် ထုတ်ပယ်ခံခဲ့ရသည်။

ထို့နောက် ၂၀၁၂ တွင် ၀တ်ဖို့ဒ်ကို တာဝန်ယူခဲ့ကာ ၂၀၁၃ ဒီဇင်ဘာတွင် ရာထူးမှ နှုတ်ထွက်ခဲ့သူ ဖြစ်သည်။

ကက်ဂလီယာရီမှာ လာမည့် တနင်္ဂနွေနေ့တွင် လေ့ကျင့်ရေး ပြန်လည်စတင်မည်ဖြစ်ပြီး ပါလာမိုနှင့် ဇန်န၀ါရီ ၆ ရက်တွင် ကစားရမည် ဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here