Europe News

ပြင်သစ်ကိုရွေှ့တဲ့ အက်ဒရီယာနို

Dec 26 , 2014

ဘရာဇီးတိုက်စစ်မှူး အက်ဒရီယာနိုမှာ ပြင်သစ်လိဂ်တူးကလပ်တစ်ခုဖြစ်သော လီဟာဗရီသို့ ပြောင်းရွေှ့ကစားတော့မည် ဖြစ်သည်။

အက်ဒရီယာနို၏ အေးဂျင့်ဖြစ်သူ မီနီဇက်က လီဟာဗရီအသင်း ဥက္ကဌနှင့် အကြို ညှိနှိုင်းခဲ့မှုများရှိကြောင်း လွန်ခဲ့သည့် အောက်တိုဘာလက ပြောဆိုခဲ့ဘူးပြီး ယခုလာမည့် ဇန်န၀ါရီတွင် ပြောင်းရွေှ့ရန် တရားဝင် သဘောတူခဲ့ခြင်း ဖြစ်သည်။

အေးဂျင့်ဖြစ်သူ လီဟာဗရီအသင်းထံ ကိုယ်တိုင်သွားရောက်၍ အသင်းအနေအထားနှင့် ကွင်းအခြေအနေတို့ကိုပါ သွားရောက်လေ့လာခဲ့သည်ဟု ဆိုသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သည့် အက်ဒရီယာနိုက သူ၏ တွစ်တာ ၀က်ဘ်ဆိုက်မှ နေ၍ လီဟာဗရီအသင်း ပရိသတ်များအတွက် ခရစ်စမတ်ဆုတောင်း ရေးသား ထားခဲ့သေးသည်။

လီဟာဗရီမှာ လောလောဆယ် လိဂ်တူးတွင် ၁၈ ပွဲ ကစား ၂၃ မှတ်နှင့် အဆင့် ၁၁ တွင်ရှိနေသော အသင်းဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here