Europe News

ဒမ္ဘာဘ မပါသော ဆီနီဂေါ

Dec 27 , 2014

အာဖရိကနိုင်ငံများ ဖလားပွဲ ကစားမည့် ဆီနီဂေါအသင်းတွင် ဘီဆစ်တပ်တိုက်စစ်မှူး ဒမ်ဘာဘ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ဝက်စ်ဟမ်း၊ နယူးကာဆယ်၊ ချဲလ်ဆီး တို့တွင် ကစားခဲ့ဘူးသော ဒမ်ဘာဘမှာ ယခုရာသီတွင် ဘီဆစ်တပ်အတွက် ၁၉ ပွဲကစား ၁၆ ဂိုး သွင်းပေးထားသူ ဖြစ်သည်။

သို့သော် ဆီနီဂေါနည်းပြ ဂီရက်ဆီက သူ့ကို ကစားသမား စာရင်းမှ ချန်ထားခဲ့ခြင်းဖြစ်သည်။

ဂီရက်ဆီက ဒမ်ဘာဘမှာ ဒဏ်ရာရနေသည်ဟု အကြောင်းပြချက် ပေးခဲ့သည်။

ဆီနီဂေါတိုက်စစ်တွင် ပရီးမီးယားလိဂ်မှ နယူးကာဆယ် တိုက်စစ်မှူး ဆစ်ဆီ၊ စတုတ် တိုက်စစ်မှူး ဒီအော့ဖ်၊ ဆောက်သင်တန် တိုက်စစ်မှူး မာနီ၊ ၀က်စ်ဟမ်း တိုက်စစ်မှူး ဆာခိုတို့ ပါဝင်ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here