Serie-A News

မီလန်တွင် ဆက်နေမည့် ရှာရာဝီ

Dec 31 , 2014

မီလန်တိုက်စစ်မှူး ရှာရာဝီက သူသည် အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဒူဘိုင်းတွင် ရီးရဲလ်နှင့် ခြေစမ်းပွဲ ကစားခဲ့ရာတွင် မီလန်အတွက် ၂ ဂိုးသွင်းပေးခဲ့သူ ရှာရာဝီက သူသည် အသင်းတွင် အခြေကျနေပြီဖြစ်ပြီး မီလန်နှင့်အတူ အောင်မြင်မှု များ ရယူလိုသေးကြောင်း၊ ရီးရဲလ်နှင့်ပွဲတွင် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် မိမိကိုယ်မိမိယုံကြည်မှု ပိုရလာခဲ့ကြောင်း အသင်း၏ ခြေစွမ်းအပေါ်တွင်လည်း အားရမှုရှိကြောင်း ပြောဆိုသွားခဲ့သည်။

ရီးရဲလ်နှင့် ခြေစမ်းပွဲတွင် မီလန်က ၄း၂ ဖြင့် အနိုင်ရခဲ့ပြီး ရီးရဲလ်အတွက် ဂိုးသွင်းပေးခဲ့သူများမှာ စီရိုနယ်ဒိုနှင့် ဘင်ဇီမာတို့ဖြစ်ပြီး မီနက်ဇ်၊ ပက်ဇီနီတို့က မီလန်အတွက် ဂိုးသွင်းယူပေးခဲ့ကြသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here