Serie-A News

သက်တမ်းမတိုးတဲ့ တီဗက်စ်

Jan 01 , 2015

ဂျူဗင်တပ်တိုက်စစ်မှူး တီဗက်ဇ်က သူ၏ လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးပါက ထပ်မံသက်တမ်းတိုးတော့မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

တီဗက်ဇ်၏ လက်ရှိစာချုပ်မှာ လာမည့် ရာသီ ၂၀၁၅-၁၆ ရာသီ အကုန်တွင် သက်တမ်းစေ့မည် ဖြစ်သည်။

သူသည် ၂၀၁၃ ဇွန်လတွင် မန်စီးတီးမှ ဂျူဗင်တပ်သို့ ရောက်ရှိလာခဲ့ပြီး ယခုအချိန်ထိ စီးရီးအေ ၇၂ ပွဲတွင် ၃၆ ဂိုး ရထားသူ ဖြစ်သည်။

အာဂျင်တီးနား လက်ရွေးစင်လည်းဖြစ်သူ တီဗက်ဇ်မှာ လွန်ခဲ့သောရာသီတွင် ဂျူဗင်တပ်၏ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး စီးရီးအေဖလားကိုလည်း ရရှိခဲ့သည်။

လောလောဆယ်တွင် ရိုးမားထက် ၃ မှတ်အသာဖြင့် စီးရီးအေ ကို ဦးဆောင်နေသော ဂျူဗင်တပ်တွင် တီဗက်ဇ်အနေနှင့် အခြေကျနေသော်လည်း ကာလကြာရှည်စွာ ဆက်နေမည်မဟုတ်ဟု ဆိုသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here