Serie-A News

ငှက်ပျောသီး အပစ်ခံရသော မီလန်

Jun 19 , 2014

အတ္တလန္တာနှင့် ကစားခဲ့သော ပွဲစဉ်တွင် မီလန်ကစားသမား ၂ဦးကို ပြိုင်ဘက်ပရိသတ်များက ငှက်ပျောသီးနှင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
  ထိုပွဲတွင် မီလန်မှ ဂီနီလက်ရွေးစင် ကွန်စတင့်နှင့် ဟော်လန် လက်ရွေးစင် ဒီဂျုန်းတို့ ၂ဦးကို အတ္တလန္တာ ပရိသတ်များက ငှက်ပျောသီးဖြင့် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်ပြီး မီလန်ကစားသမားများက ထိုအဖြစ်အျပက်အပေါ် အရေးယူပေးပါရန် တောင်းဆို ခဲ့ကြသည်။ အတ္တလန္တာက ၂:၁ ဖြင့် နိုင်ခဲ့သောပွဲတွင် ကွင်းလယ်ဒိုင်က ပရိသတ်များကို သတိပေးခဲ့သည်။ လွန်ခဲ့သော ၂ ပတ်ခန့်ကလည်း ဘာစီလိုနာ ကစားသမား အဲလ်ဗက်စ်မှာ ဗီလာရီးရဲလ်ပရိသတ်တစ်ဦး၏ ငှက်ပျောသီးဖြင့် ပစ်ပေါက်ခြင်းကိုခံခဲ့ရပြီး ထိုဖြစ်ရပ်အတွက် ကျူးလွန်သူ ပရိသတ်မှာ တစ်သက်တာ ကွင်းဝင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ ပရိသတ်များအနေနှင့် အသားအရောင် ခွဲခြားသော အပြုအမူ အပြောဆိုများ ရှောင်ကျဉ်ရန် ဥရောပ ဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ပြီး ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here