FA Cup News

FA ဖလား စတုတ္ထဆင့်

Jan 06 , 2015

FA ဖလား တတိယဆင့်ပွဲစဉ် အများစုကို ကစားခဲ့ကြပြီဖြစ်သော်လည်း စတုတ္ထဆင့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ လက်ရှိ FA ဖလား ချန်ပီယံအာဆင်နယ်မှာ ဘရိုက်တန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မန်ယူအသင်းမှာ တတိယဆင့်တွင် လိဂ်ဝမ်းမှ ယိုဗီးလ်တောင်းကို နိုင်ခဲ့ပြီးနောက် ယခု စတုတ္ထဆင့်တွင် လိဂ်တူးမှ ကိန်းဘရစ်ခ်ျအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မန်ယူအသင်းမှာ လိဂ်ဖလားပွဲစဉ်တွင် လိဂ်ဝမ်းမှ အမ်ကေဒွန်းစ်ကို အဝေးကွင်း၌ ၄းဝ ဖြင့် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပြီးနောက် FA ဖလားတွင်လည်း အဝေးကွင်း ပွဲများသာ ကစားရဦးမည် ဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းများထဲမှ စတုတ္ထဆင့်တွင် အိမ်ကွင်းပွဲကစားခွင့်ရမည့် အသင်းများမှာ ချဲလ်ဆီး၊ ဗီလာ၊ လီဗာပူး၊ ဆန်းဒါးလန်း၊ မန်စီးတီး၊ ဘန်လေ (သို့မဟုတ်) စပါး၊ ဆောက်သင်တန် (နိုင်ခဲ့ပါက) စသည့် အသင်းများ ဖြစ်ကြသည်။

ပရီးမီးယားလိဂ်အသင်း အချင်းချင်း ကစားရမည့်ပွဲမှာ နှစ်ပွဲသာပါရှိပြီး ဘန်လေ/စပါး -  လီဆက်စတာ ပွဲ ဆောက်သင်တန်နိုင်ခဲ့ပါက ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည့်ပွဲတို့ ဖြစ်သည်။

ပွဲစဉ်မှာ ဇန်န၀ါရီ ၂၄ နှင့် ၂၅ တွင် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here