Serie-A News

ယုံကြည်နေသည့် မီဟိုက်လိုဗစ်

Jun 19 , 2014

ဆမ်ဒိုးရီးယားအသင်းနည်းပြ ဆင်နီဆာမီဟိုက်လိုဗစ်က မိမိ၏ အနာဂတ်သည် အသင်းတွင် ဆက်ရှိရန်အတွက် သေချာမှုမရှိသော် လည်း စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်မှုရှိကြောင်းပြောကြား ခဲ့သည်။
  မီဟိုက်လိုဗစ်သည် ဘိုလော့နာ၊ ကာတာနီးယား၊ ဖီအိုရင်တီးနား စသည့် အသင်းများအား ၂၀၀၈ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီးနောက် ယခု ဆမ်ဒိုးရီးယားအသင်းသည် စီးရီးအေ၌ လေးသင်းမြောက် ကိုင်တွယ်သည့်အသင်းလည်း ဖြစ် သည်။ ယခင်နည်းပြဟောင်း ဒယ်လီရိုရော့ဒ် စီအား ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပယ်ခဲ့ပြီးနောက် မီဟိုက်လိုဗစ်သည် အသင်းအား စတင်ကိုင်တွယ် ခဲ့ကာ အသင်းအား တန်းဆင်း ဇုန်နှင့် လွတ်ကင်းစေနိုင်ရန်အတွက် ကြိုးပမ်းပေးခဲ့ကာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ၌ ရပ် တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ မီဟိုက်လိုဗစ်နှင့် ဆမ်ဒိုးရီးယားအသင်း၏ စာချုပ်သက်တမ်းမှာ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မီဟိုက်လိုဗစ် က အသင်းအားဆက်လက် ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ "ကျွန်တော်အသင်းမှာ ဆက်ရှိဖို့အတွက် လက်ရှိအချိန်မှာတော့ ဘာမှပြောနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု ပြုလုပ်သွားဖို့ရှိပြီး ဆမ်ဒိုးရီးယားအသင်းကို ဆက်လက်ကိုင်တွယ်ခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု မီဟိုက်လိုဗစ်မှ ပြောကြား သွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here