မီလန်တိုက်စစ်မှူးဟောင်း ရှက်ချင်ကိုက ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဂျာမနီဂိုးသမား နူအာရသင့်သည်ဟု ပြောဆိုလိုက်သည်။
ယင်းဆုကို လာမည့် ဇန်န၀ါရီ ၁၂ ရက် တနင်္လာနေ့တွင် ချီးမြှင့်မည်ြဖစ်ပြီး ဂျာမနီ ဂိုးသမား နူအာ၊ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့် ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုတို့အထဲမှ တစ်ဦးက ရရှိမည် ဖြစ်သည်။
လောလောဆယ်တွင် ထိုဆုကို ရရှိရန် ရေပန်းအစားဆုံးမှာ ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ရခဲ့သည့် စီရိုနယ်ဒို ဖြစ်သည်။ ရှက်ချင်ကိုက " နူအာဟာ တကယ့် ကစားသမားကောင်း တစ်ယောက်ပါ။
ဂိုးသမားတွေ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်သလို ဂျာမနီနဲ့အတူ လက်စွမ်းပြနိုင်ခဲ့ကာ အားလုံးအမြင်ပါပဲ " ဟု ပြောဆိုခဲ့သည်။
ရှက်ချင်ကိုမှာ မီလန်နှင့်အတူ ချန်ပီယံလိဂ်ဖလားရခဲ့သည့် ၂၀၀၄ တွင် ယခုဆုမျိုးကို ရရှိခဲ့သူ ဖြစ်သည်။
U Myo Thant