World CUp 2014 News

ဖီဖာဥက္ကဌ အရွေးခံမယ့် အလီ

Jan 06 , 2015

ဂျော်ဒန် အိမ်ရှေ့မင်းသားနှင့် ဖီဖာ ဥက္ကဌတစ်ဦးဖြစ်သူ အလီဘင် အယ်လ်ဟူစိန်မှာ လာမည့် ဖီဖာဥက္ကဌရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော မင်းသားအလီမှာ လာမည့် မေလ ၂၉ ရက်နေ့တွင် ကျင်းပမည့် ဖီဖာ ဥက္ကဌ ရွေးချယ်ပွဲတွင် လက်ရှိ ဥက္ကဌ ဆပ်ဘလတ္တာနှင့်အတူ ပါဝင်အရွေးခံမည် ဖြစ်သည်။

မင်းသားအလီမှာ ၁၉၉၉ တွင် ဂျော်ဒန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ၂၀၁၁ တွင် အာရှဘောလုံးအဖွဲ့ချုပ် ကိုယ်စားပြု ဖီဖာဥက္ကဌ ရာထူးကို ရရှိခဲ့သူဖြစ်သည်။

သူ၏ ယခု ဆုံးဖြတ်ချက်အပေါ် ဂျော်ဒန်နှင့် အနောက်အာရှ ဘောလုံး အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဘီဘီစီ အားကစားသတင်းဝေဖန်သူ ဒီဂျက်ဇ်မီက အလီကို ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ထောက်ခံလိမ့်မည်ဟု ယူဆကြောင်း၊ အကြောင်းမှာ လက်ရှိ ဥက္ကဌ ဆပ်ဘလတ္တာ တာဝန်ထပ်မံ ထမ်းဆောင်ရန်ကို သဘောမတွေ့၍ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၁၉၉၈ မှစ၍ ဥက္ကဌရာထူး ရယူခဲ့သူ ဘလတ္တာက ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်ခွင့်ရရန် အရွေးချယ်ဝင်ခံခြင်းဖြစ်ပြီး အခြားဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေနှင့် ဇန်န၀ါရီ ၂၉ ရက် မတိုင်မီ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here