World CUp 2014 News

အလီကို ဘန်စတိန်း ထောက်ခံ

Jan 07 , 2015

ဖီဖာဥက္ကဌ ရွေးချယ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီကို ထောက်ခံကြောင်း FA ဥက္ကဌဟောင်း ဒေးဗစ် ဘန်စတိန်းက ပြောဆိုလိုက်သည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော အလီမှာ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနှင့် ဖီဖာဥက္ကဌ တစ်ဦးဖြစ်ပြီး အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် လက်ရှိ ဖီဖာ ဥက္ကဌ ဘလတ္တာနှင့်အတူ ယှဉ်ပြိုင်မည် ဖြစ်သည်။

မင်းသား အလီနှင့် ဘန်စတိန်းတို့မှာ ယခင်က ဖီဖာ ဖဲယားပလေး ကော်မတီတွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဘူးကြသူများ ဖြစ်ကြသည်။

ဘန်စတိန်းက ဖီဖာမှာ အပြောင်းအလဲတစ်ရပ်လိုအပ်နေပြီး အလီမှာ ထိုကိစ္စများကို ကိုင်တွယ်နိုင်လိမ့်မည် ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ဘလတ္တာမှာ ၁၉၉၈ တွင် ယူအီးအက်ဖ်အေ ဥက္ကဌ ဂျိုဟန်ဆန်ကို အနိုင်ရကာ ဖီဖာ ဥက္ကဌဖြစ်လာခဲ့ပြီး ၂၀၀၂ မှလွဲ၍ ကျန်ရွေးချယ်ပွဲများတွင် ပြိုင်ဘက်မရှိ အရွေးခံခဲ့ရသူ ဖြစ်သည်။

လက်ရှိ FA ဥက္ကဌ ဒိုင်ကီကလည်း အလီ၏ ၀င်ရောက်အရွေးခံမည့်အပေါ် ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

U Myo Thant

<< Back World CUp 2014 News


Advertisement
Here