Serie-A News

နာကျင်ခဲ့ရသည့် အက်စ်တိုရီ

Jun 19 , 2014

ကယ်ဂလီယာရီအသင်း၏ နောက်ခံကစားသမား ဒေးဗစ်အက်စ်တိုရီက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အီတလီလက်ရွေးစင်အသင်းတွင် ပါဝင်ခွင့်ရရှိရန် မျှော်မှန်းထားသော်လည်း နည်းပြဖြစ်သူ ပရန်ဒယ်လီ၏ ချန်လှပ်ခြင်းကိုခံခဲ့ရသည့်အတွက် နာကျင်ခံစား ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။
  အက်စတိုရီသည် အီတလီလက်ရွေးစင်အသင်းအတွက် ၇ ကြိမ်ပါဝင်ခွင့် ရရှိထားပြီး ယခုရာသီ စီးရီးအေ ၃၇ ပွဲ ကစားပြီးချိန်တွင် ကယ်ဂလီယာရီအသင်းအတွက် ၃၃ ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သူလည်း ဖြစ်သည်။ အသက် ၂၇ အရွယ် တောင်ပံကစားသမား က ယခုရာသီတွင် ပြသနေသော မိမိခြေစွမ်းကြောင့် အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိမည်ဟု မျှော်လင့် ခဲ့သော်လည်း အီတလီလက်ရွေးစင်အသင်းနည်းပြ ပရန်ဒယ်လီကမူ အက်စတိုရီအား ချန်လှပ်သွားခဲ့သည်။ အက်စတိုရီ ၏ အေးဂျင့်ဖြစ်သူ ရန်ဇိုကွန်ထရက်တို က "အက်စတိုရီဟာ အရမ်းပဲစိတ်ပျက်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ ဒီနှစ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းကို ထိန်းသိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ခွင့်အတွက် မျှော်လင့်နေသူတစ်ဦးပါ။ ဒါပေမယ့် အခုတော့ သူ့အိပ်မက်တွေ အကုန်လုံး ပျက်စီးခဲ့ရပါပြီ" ဟု ပြောကြားသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here