Europe News

နည်းပြသစ်ခန့်သော ဂီနီ

Jan 07 , 2015

အာဖရိကနိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အီကွေတိုရီယယ် ဂီနီမှာ နိုင်ငံလက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် အက်စတီဘန် ဘက်ကာကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အီကွေတိုရီယယ် ဂီနီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အမ်ဘိုမီရိုက လွန်ခဲ့သောအပတ်တွင် နည်းပြ ဂီကိုစီယာကို ထုတ်ပယ်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရန် နီးကပ်လာနေပြီဖြစ်၍ နည်းပြသစ်ကို အလျင်အမြန် ရှာဖွေခဲ့ရသည်။

ဂီနီအသင်းအတွက် ပထမဆုံးပွဲမှာ ၁၇ ရက်နေ့တွင် စတင်တော့မည်ဖြစ်၍ နည်းပြသစ်မှာ အသင်းနှင့်အထာကျရန် ကြိုးပမ်းရဦးမည် ဖြစ်သည်။

ဘက်ကာမှာ အာဂျင်တီးနားသားတစ်ဦး ဖြစ်ပြီး ၂၀၁၂ အာဖရိက အမျိုးသမီး ချန်ပီယံရှစ် ဖလားပွဲတွင် အီကွေတိုရီယယ် ဂီနီ အမျိုးသမီးအသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။

မော်ရိုကို နိုင်ငံက အီဘိုလာ ကူးစက်ရောဂါ ဘေးကြောင့် အိမ်ရှင်လုပ်ခွင့်ကိုငြင်းဆိုခဲ့ပြီးနောက် အီကွေတိုရီယယ် ဂီနီက အိမ်ရှင်လုပ်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အုပ်စု A ၌ ကွန်ဂို၊ ဘူကီနာဖာဆို၊ ဂါဘွန်တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here