Spain King's Cup News

နိုင်ပွဲရသော အက်သလက်တီကို

Jan 08 , 2015

ကစားသမားဟောင်း တောရက်စ် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွင် အက်သလက်တီကိုက မြို့ခံပြိုင်ဘက် ရီးရဲလ်ကို ၂းဝ ဖြင့် အနိုင် ရရှိခဲ့သည်။

ရီးရဲလ်စတား စီရိုနယ်ဒို အရန်ခုံတွင်သာရှိနေသည့် ပရိသတ် ၅၁၀၀၀ လာရောက်ကြည့်ရှုနေသော ယင်းပွဲတွင် ပထမပိုင်း၌ သရေကျနေခဲ့ပြီး ၅၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂါစီယာက အိမ်ရှင်အသင်းအတွက် ပထမဂိုးကိုသွင်းယူပေးခဲ့သည်။

၆၃ မိနစ်တွင် ရိုဒရီဂုစ်အစား စီရိုနယ်ဒို ပါဝင်လာခဲ့သော်လည်း ၇၆ မိနစ်တွင် ဂျီမီနက်ဇ်က အိမ်ရှင် အက်သလက်တီကိုအတွက် ဒုတိယဂိုး သွင်းယူ သွားခဲ့သည်။

ဒုတိယအကျော့ပွဲစဉ်ကို လာမည့် ၁၆ ရက်နေ့တွင် ကစားရမည်ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရမည့်အသင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည် ဖြစ်သည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here