Serie-A News

ဂျူဗင်တပ်တွင် ကွန်တီ ဆက်ရှိမည်

Jun 19 , 2014

ဂျူဗင်တပ်စ်အသင်းနည်းပြ ကွန်တီမှာ လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိနေဦးမည် ဖြစ်သည်။
  သူသည် ဒဲလ်နီရီကို ဆက်ခံ၍ ၂၀၁၁ မေလတွင် ဂျူဗင်တပ်နည်းပြ ဖြစ်လာခဲ့ပြီး စီးရီးအေဖလားကို ၃ နှစ် ဆက်တိုက် ရရှိစေခဲ့သည်။ တူရင်မြို့ အခြေစိုက် ဂျူဗင်တပ်အသင်းမှာ ၂၀၁၃-၁၄ ရာသီတွင် စံချိန်တင်ရလဒ်အဖြစ် ၁၀၂ မှတ်နှင့် ဗိုလ်စွဲနိုင်ခဲ့ သည်။ ဂျူဗင်တပ် ကစားသမားလည်း ဖြစ်ခဲ့သူ ကွန်တီမှာ အသင်းကို ၂ ပွဲကျန် အနေအထားမှာပင် ချန်ပီယံဖြစ်စေခဲ့ပြီး ယခုချန်ပီယံဆုမှာ ဂျူဗင်တပ်အတွက် အကြိမ် ၃၀ မြောက် ရရှိသော စီးရီးအေ ချန်ပီယံဆုလည်းဖြစ်သည်။ အချို့သတင်းများက ကွန်တီမှာ ပြင်သစ်ကလပ်မိုနာကိုသို့ ပြောင်းရွှေ့တော့ မည်ဟု ဖော်ပြခဲ့သော်လည်း ယခုကြေညာချက်ကြောင့် ကွန်တီကို ဂျူဗင်တပ် တွင် ဆက်လက် မြင်တွေ့ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here