FA Cup News

ပွဲချိန်ရွှေ့၍ မန်ယူပရိသတ်မကျေနပ်

Jan 08 , 2015

ကိန်းဘရစ်ခ်ျနှင့် ကစားရမည့် FA ဖလား စတုတ္ထအဆင့်ပွဲစဉ်ကို ၂၄ ရက်နေ့မှ ၂၃ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် မန်ယူပရိသတ်များ မကျေမနပ်ဖြစ်လျှက် ရှိနေသည်။

ထိုစတုတ္ထဆင့်ပွဲစဉ်များကို လာမည့် ၂၄ ရက်နေ့ နှင့် ၂၅ ရက်တွင် ကစားရန် စီစဉ်ထားသော်လည်း ရုပ်သံထုတ်လွှင့်မှု အခြေအနေ ပိုမိုအဆင်ပြေစေရေးအတွက် မန်ယူပွဲတစ်ပွဲတည်းကို ၂၃ ရက် သောကြာနေ့ ည ၇း၅၅ သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်း ပရိသတ်များမှာ အသွားအပြန် မိုင် ၃၆၀ ခရီးကိုနှင်ကြရမည်ဖြစ်ပြီး ပွဲပြီးအချိန်မှာ ည ၁၀ နာရီ ၀န်းကျင်ဖြစ်သဖြင့် သွားလာရေးတွင် ပင်ပန်းကြရမည် ဖြစ်သည်။

ထိုပွဲစဉ်ထုတ်လွှင့်မှုမှ ပေါင် ၁၄၄၀၀၀ ရရှိမည်ဖြစ်သည့် လိဂ်တူးကလပ် ကိန်းဘရစ်ခ်ျမှာ ပွဲစဉ်ပြောင်းလဲမှုအပေါ် စောဒကတက်မည်မဟုတ်သော်လည်း ကိန်းဘရစ်ခ်ျ အသင်းရှိရာ လန်ဒန်မှ မန်ချက်စတာသို့ နောက်ဆုံးရထားချိန်အမီ ပြန်ကြရဦးမည့်အပေါ် ဒေါသထွက်နေကြခြင်း ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here