Spain King's Cup News

စီရိုနယ်ဒိုကို မပင်ပန်းစေလို

Jan 08 , 2015

ရီးရဲလ်နည်းပြ အန်ဆလော့တီက အက်သလက်တီကိုနှင့်ပွဲတွင် စီရိုနယ်ဒိုကို ပွဲအစ၌ အသုံးမပြုခဲ့ခြင်းမှာ သူ့ကို မပင်ပန်းစေလိုခြင်းနှင့် ဖိအားမများစေလို ၍ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပွဲချိန် ၆၃ မိနစ်မှ စီရိုနယ်ဒို ပါဝင်ခဲ့သော ယင်းစပိန်ဘုရင့်ဖလားပွဲတွင် ရီးရဲလ်မှာ ၂းဝ ဖြင့် ရှုံးခဲ့ရသည်။

ရီးရဲလ်နည်းပြ အန်ဆလော့တီက "စီရိုနယ်ဒို၏ ပုံစံမှာ မောပန်းနွမ်းနယ်နေပုံရပြီး သူ့အပေါ် ဖိအားမပေးလို၍ အရန်ခုံတွင် ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပါဝင်ကစားခွင့် ရခဲ့သည့် ဘေးလ်၏ ကစားပုံမကောင်းခြင်းနှင့်ပတ်သက်၍လည်း ဘယ်ကစားသမားမဆို ခြေစွမ်းမပြနိုင်တာမျိုး ရှိတတ်ပါတယ်။ ဒါဟာ ဘေးလ်အတွက် ခဏတာ ကိစ္စပါ။ ရှုံးခဲ့တာဟာ ဘေးလ်တစ်ယောက်ထဲ ခြေစွမ်းမပြနိုင်တာနဲ့ မဆိုင်ပါဘူး။ တစ်သင်းလုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒါအဆုံးအဖြတ်ပွဲ မဟုတ်သေးပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

ရီးရဲလ်မှာ အက်သလက်တီကိုနှင့် အိမ်ကွင်းတွင် ဒုတိယအကျော့ ကစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here