Serie-A News

ရှာကီရီ အင်တာရောက်ပြီ

Jan 09 , 2015

ဘိုင်ယန်တောင်ပံကစားသမား ရှာကီရီသည် စီးရီးအေကလပ် အင်တာသို့ ရောက်ရှိလာပြီ ဖြစ်သည်။

၂၀၁၂ တွင် ဘိုင်ယန်သို့ ရောက်ခဲ့သောရှာကီရီမှာ လက်ရှိနည်းပြ ဂွာဒီယိုလာ လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်မရခဲ့သဖြင့် ယခုကဲ့သို့ အသင်းပြောင်းခဲ့ခြင်း ဖြစ်သည်။

၂၃ နှစ်သား ရှာကီရီသည် ယနေ့တွင် အင်တာ၌ ဆေးစစ်ခံရမည်ဖြစ်ပြီး ယင်းနောက်တွင် တရားဝင်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

သူသည် ဘိုင်ယန်အတွက် ဘွန်ဒစ်လီဂါပွဲ ၅၂ ပွဲ ကစား ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ပွဲဦးထွက် ကစားသမားအဖြစ် ၃ ပွဲသာ ကစားခွင့် ရခဲ့သည်။

အင်တာသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း အာဆင်နယ် တိုက်စစ်မှူး ပိုဒေါစကီးကို အငှားစာချုပ်ဖြင့် ခေါ်ယူထားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here