Serie-A News

နေရာမှန် လိုချင်တဲ့ ဇနက်တီ

Jun 19 , 2014

ကစားသမားဘ၀မှ အနားယူခဲ့ပြီဖြစ်သော ဇနက်တီက သူသည် အင်တာတွင် နေရာမှန် တစ်ခုရလာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။
   အသက် ၄၀ ရှိပြီဖြစ်သည့် ဇနက်တီသည် ပြီးခဲ့သော ရာသီအကုန်တွင် ကစားသမားဘ၀မှ အနားယူခဲ့ခြင်းဖြစ်ပြီး အင်တာ ဥက္ကဌ သိုဟာနှင့် ရှေ့ရေးအတွက် တိုင်ပင်လျှက်ရှိကာ လာမည့်လတွင် မည်သည့်နေရာ၌ တာဝန်ထမ်းဆောင်ရမည်ကို တိတိကျကျ သိရှိရမည် ဖြစ် သည်။ အာဂျင်တီးနား လက်ရွေးစင်ဟောင်း ဖြစ်သူ ဇနက်တီမှာ အင်တာတွင် ၁၉ ရာသီ ကစားခဲ့သူဖြစ်ပြီး အင်တာ၏ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ နေရာတစ်ခုတွင် တာဝန်ထမ်းဆောင်ခွင့်ရလိမ့် မည်ဟု မျှော်လင့်နေသူဖြစ်သည်။ သူသည် အင်တာအတွက် ပွဲပေါင်း ၆၀၀ ကျော် ကစားပေးခဲ့သဖြစ်သကဲ့သို့ အာဂျင်တီးနားအတွက်လည်း စံချိန်တင်အဖြစ် ၁၄၅ ပွဲ ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here