Europa League

၂၀၁၄ UEFA အသင်း

Jan 10 , 2015

၂၀၁၄ ခုနှစ်အတွက် UEFA ဥရောပအကောင်းဆုံးအသင်း လူစာရင်းကို ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ထူးခြားချက်အဖြစ် အင်္ဂလန်သားများ ပါဝင်ခဲ့ခြင်း မရှိပေ။

ထိုလူစာရင်းတွင် ဂိုးသမား နူအာ၊ နောက်တန်း ကစားသမားများအဖြစ် ဖိလစ်လမ်း၊ ရာမို့စ်၊ ဂိုဒင်၊ အလာဘာ၊ အလယ်တန်းး ကစားသမားများအဖြစ် ခရူးစ်၊ ဒီမာရီယာ၊ တိုက်စစ်ကစားသမားများအဖြစ် ရော်ဘင်၊ မက်ဆီ၊ စီရိုနယ်ဒိုနှင့် အီဘရာဟင် မိုဗစ် တို့ ပါဝင်ကြသည်။

နူအာ ၂၀၁၄ အတွင်း ဘွန်ဒစ်လီဂါ ပွဲ ၃၂ ပွဲတွင် ဂိုးမပေးရသည့်ပွဲ ၁၉ ပွဲ ရှိခဲ့သည်။

ရာမို့စ်မှာ ရီးရဲလ်၏ ၂၀၁၃-၁၄ ချန်ပီယံလိဂ်ပွဲများတွင် ၃ ဂိုး သွင်းယူပေးခဲ့ပြီး နောက်တန်း ကစားသမားများထဲတွင် ဂိုးအများဆုံး သွင်းနိုင်သူဖြစ်ခဲ့သည်။

အလာဘာမှာ ဘွန်ဒစ်လီဂါ ပွဲပေါင်း ၈၉ ပွဲတွင် အ၀ါကဒ် တစ်ခါမျှ ပြသခံရခြင်းမရှိခဲ့ပေ။

ကွင်းလယ်ကစားသမား ဒီမာရီယာမှာ ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် ဂိုးရရန် ဖန်တီးပေးပို့နိုင်မှုအများဆုံး ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။

ရော်ဘင်မှာ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂိုးရရန် ၁၇ ကြိမ် ဖန်တီး နိုင်ခဲ့သည်။ မက်ဆီမှာ ချန်ပီယံလိဂ် ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ခဲ့ပြီး စီရိုနယ်ဒိုမှာ ရီးရဲလ်၏ အိမ်ကွင်း နောက်ဆုံး ၁၇ ပွဲလုံး ဂိုးသွင်းယူပေးနိုင် ခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here