Serie-A News

အယူခံ ပယ်ချခံရသော ပါးမား

Jun 19 , 2014

  အခွန်ငွေ အရှုပ်တော်ပုံကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ငြင်းပယ်ခံရသောပါးမား၏ အယူခံကို အီတလီဘောလုံး အဖွဲ့ချုပ်နှင့် တရားရုံးချုပ်တို့က ပယ်ချလိုက်သည်။
   အားကစားဆိုင်ရာ တရားရုံးချုပ်က ကြေညာချက်၊ ထုတ်ပြန်ခဲ့ရာတွင် အသင်း၏ အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်း အပေါ်တွင် ငဲ့ညာရန် အကြောင်းမရှိသဖြင့် UEFA ၏ ၂၀၁၄-၁၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲများသို့ ၀င်ရောက်ရထားခြင်းကို တားမြစ်ကြောင်း ဖော်ပြခဲ့သည်။ ပါးမားအသင်းက ကမ္ဘာ့အားကစားတရားရုံးသို့ အယူခံဆက်တင်မည်ဟု ဆိုသည်။ နည်းပြ ဒိုရာဒိုနီ ၏ ပါးမားအသင်းမှာ စီးရီးအေပွဲစဉ် ၃၈ တွင် လီဗော်နိုကို နိုင်ခဲ့ပြီး ပြိုင်ဘက် တိုရီနိုက ဖီအိုရင်တီးနားနှင့် သရေကျသွားခဲ့ခြင်းကြောင့် ၂၀၀၇ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဥရောပပြိုင်ပွဲဝင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပါးမား၏ အယူခံသာဆက်၍ အပယ်ချခံရပါက ယူရိုပါလိဂ်ဝင်ခွင့်ကို တိုရီနိုက ရရှိမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here