Serie-A News

ဒဏ်ရာရခဲ့သော ရော့စီ

Jun 19 , 2014

အီတလီတိုက်စစ်မှူး ရော့စီမှာ ဒူးဒဏ်ရာရသွားခဲ့သဖြင့် အီတလီလူစာရင်းမှ ထွက်လိုက်ပြီ ဖြစ်သည်။
   ၂၇ နှစ်သား ရော့စီမှာ စနေနေ့က အိုင်ယာလန်နှင့် ခြေစမ်းပွဲတွင် ပွဲချိန် ၇၁ မိနစ်၌ ဒူးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။ ပါးမားအတွက် ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့သော ကက်ဆာနိုနှင့် မီလန်မှ ဘာလိုတယ်လီတို့မှာ အီတလီတိုက်စစ်မှူးများအဖြစ် ပါဝင် လျှက် ရှိနေပြီး ၂၀၀၆  တွင် ကမ္ဘာ့ဖလား ရခဲ့သည့် အီတလီမှာ ယခု ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပွဲဦးထွက်အဖြစ် အင်္ဂလန်နှင့် စတင် ကစားရမည် ဖြစ်သည်။ ယင်းနောက် တွင် ကော်စတာရီကာ၊ ဥရုဂွေး တို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဖီအိုရင်တီးနား တိုက်စစ်မှူး ရော့စီမှာ ပြီးခဲ့သည့်ရာသီတွင် စီးရီးအေပွဲ ၁၇ ပွဲကစား ၁၄ ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here