FA Cup News

ပင်နယ်တီ ၁၀ လုံးကန်ပြီး ၀က်စ်ဟမ်းအနိုင်ယူ

Jan 14 , 2015

FA ဖလား တတိယအဆင့် ပြန်ကန်ပွဲစဉ်ဖြစ်သည့် ၀က်စ်ဟမ်းနှင့် အဲဗာတန်တို့ပွဲတွင် အချိန်ပိုအထိ သရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ရယူရာ ၀က်စ်ဟမ်းက ၉း၈ ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ၅၁ မိနစ်၌ ဗလင်စီယာက ၀က်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၈၂ မိနစ်တွင် မီရာလက်စ်က အဲဗာတန်အတွက် ချေပဂိုးသွင်းခဲ့သည်။

အချိန်ပို ၉၇ မိနစ်တွင် လူကာလူက အဲဗာတန်အတွက် ဂိုးသွင်းခဲ့သော်လည်း ၁၁၃ မိနစ်တွင် ကိုးလ်က ၀က်စ်ဟမ်းအတွက် ချေပဂိုး ပြန်သွင်းသွားခဲ့သည်။

ထို့ကြောင့် ပင်နယ်တီ အဆုံးအဖြတ်ရယူရာ ပထမ ၅ ဂိုးတွင် နောက်ဆုံးမှကန်ရသည့် ၀က်စ်ဟမ်းမှ ဒေါင်းနင်းမှာ လွဲချော်ခဲ့သဖြင့် ၅း၎ ဖြင့် နိုင်မည့် အခွင့်အရေးနှင့်လွဲချော်သွားခဲ့သည်။

နောက်ထပ် ၅ ဂိုးတွင် ၀က်စ်ဟမ်းဘက်မှ နောက်ဆုံးကန်ရသည့် အချိန်တွင် ဂိုးသမား အက်ဒရီယန်က ဂိုးဝင်ခဲ့သော်လည်း အဲဗာတန်ဘက်မှ ဂိုးသမား ရိုဘယ်လ်စ်မှာ ဂိုးမ၀င်အောင် မကန်နိုင်ခဲ့၍ ၀က်စ်ဟမ်းက အနိုင်ရသွားခဲ့ပြီး ၀က်စ်ဟမ်းဂိုးသမား အက်ဒရီယန်မှာ သူရဲကောင်းသဘွယ် ဖြစ်သွားခဲ့ရသည်။

ဝက်စ်ဟမ်းမှာ FA ဖလား စတုတ္ထဆင့်တွင် ဘရစ္စတိုစီးတီးနှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here