Serie-A News

နည်းပြသစ်ခန့်သော အူဒီနီးစ်

Jun 19 , 2014

စီးရီးအေကလပ် အူဒီနီးစ် အသင်းသည် အင်တာနည်းပြဟောင်း စထရာမက်စီယွန်နီကို လာမည့်ရာသီအတွက် နည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
   အသက် ၃၈ နှစ်သား ယင်းနည်းပြသစ်ကို ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်းသိရသည်။ အူဒီနီးစ်အသင်းမှာ ပြီးခဲ့သောရာသီတွင် အဆင့် ၁၃ သာ ရရှိခဲ့ပြီး နည်းပြသစ်အနေနှင့် ဥရောပပြိုင်ပွဲများ ၀င်ခွင့်ရရေးအတွက် ပြန်လည်ကြိုးပမ်းပေးရမည် ဖြစ်သည်။ စထရာမက်စီယွန်နီမှာ အင်တာကို ၁၄ လကြာနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၃ မေလတွင် လမ်းခွဲခဲ့သူ ဖြစ်သည်။ သူသည် လာမည့် ဇူလိုင် တစ်ရက်နေ့မှစ၍ နည်းပြတာဝန်ကို စတင်ထမ်းဆောင်ရမည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here