Bundesliga News

ဟမ်းမဲလ်ကို မခေါ်နိုင်သေးတဲ့ မန်ယူ

Jan 15 , 2015

မန်ယူအသင်းက ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် ကြံစည်နေသော ဒေါ့မွန်မှ ဟမ်းမဲလ်မှာ ယခုဇန်န၀ါရီအပြောင်းအရွေှ့ကာလအတွင်း ရောက်ရှိလာဦးမည်မဟုတ်ဟု သိရသည်။

ဒေါ့မွန်အသင်းမှာ ဘွန်ဒစ်လီဂါတွင် တန်းဆင်းဇုန် အဆင့် ၁၇ သို့ ရောက်ရှိနေသောအသင်းဖြစ်သည်။

သို့သော် ဟမ်းမဲလ်ကို ထုတ်ရောင်းရန်ကိုမူ ငြင်းဆိုထားဆဲဖြစ်သည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဟမ်းမဲလ်မှာ ဘိုင်ယန်မှ ဒေါ့မွန်သို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး မန်ယူနည်းပြ ဗန်ဂေါလ်၏ အလိုချင်ဆုံးနောက်တန်းကစားသမား တစ်ဦး ဖြစ်သည်။

ဟမ်းမဲလ်မှာ ကမ္ဘာ့ဖလားတွင် ဂျာမနီနှင့်အတူ အောင်ပွဲခံနိုင်သော်လည်း ယခုရာသီ ဒေါ့မွန်တွင်မူ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here