Serie-A News

ကွာတားတက်တဲ့ လာဇီယို

Jan 15 , 2015

ကိုပါအီတာလျံ နောက်ဆုံး ၁၆ သင်းအဆင့် ပြိုင်ပွဲများကို ယမန်နေ့က ကစားခဲ့ရာ လာဇီယိုမှာ အဝေးကွင်းတွင် တိုရီနိုကို ၃း၁ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

လာဇီယိုအတွက် ဂိုးများကို ကိုင်တာ၊ ကလိုဆေးနှင့် လီဒက်စ်မာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး တိုရီနိုဂိုးသမား ပါဒယ်လီမှာ ၅၅ မိနစ်တွင် ကလိုဆေးအပေါ် အ၀င်ကြမ်းခဲ့သဖြင့် တိုက်ရိုက်အနီကဒ်နှင့် ထွက်ခဲ့ရပြီး ယင်းပြစ်ဒဏ်မှရသည့် ပင်နယ်တီကို လီဒက်စ်မာက သွင်းယူခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က အခြားပွဲစဉ် ၂ ပွဲတွင် မီလန်နှင့် ပါးမားတို့ အနိုင်ရခဲ့ပြီး လာဇီယိုမှာ ကွာတားတွင် မီလန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here