Serie-A News

အဆင်မပြေခဲ့တဲ့ ရှာကီရီ

Jan 16 , 2015

အင်တာသို့ ရောက်ရှိလာသည့် ရှာကီရီက သူသည် ဘိုင်ယန်တွင်ရှိခဲ့သော ကာလများ၌ အဆင်မပြေမှုများစွာရှိခဲ့ကြောင်း ပြောဆိုလိုက်သည်။

ဆွစ်ဇာလန်လက်ရွေးစင် ၂၃ နှစ်သား ရှာကီရီက သူသည် ဘိုင်ယန်တွင် ပုံမှန်ကစားခွင့်မရခဲ့သည်မှာ အကြီးမားဆုံး ဒုက္ခပင်ဖြစ်ကြောင်း၊ မိမိခြေစွမ်းကို ပြခွင့် မရခြင်းသည် ဘောလုံးသမားတိုင်းအတွက် အခွင့်အရေးဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း၊ မိမိအနေနှင့် ဘိုင်ယန်ရှိ ကစားသမားများထံမှ သင်ယူရန်ရှိသည်များကို သင်ယူခဲ့ပါကြောင်း၊ ထို့ကြောင့် ဘိုင်ယန်မှ ရခဲ့သည့်အတွေ့အကြုံနှင့် သင်ခန်းစာများအပေါ် အခြေခံ၍ အင်တာကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရှာကီရီမှာ ၂၀၁၂ ဇွန်လတွင် ဘေဆယ်မှ ဘိုင်ယန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခုဇန်န၀ါရီ အပြောင်းအရွှေ့တွင် အင်တာသို့ ပြောင်းလာသူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here