Serie-A News

မီလန်နည်းပြဖြစ်လာသော အင်ဇာဂီ

Jun 19 , 2014

  မီလန်အသင်းသည် အသင်းကို ၅ လကြာ တာဝန်ယူခဲ့သည့် ဆီးဒေါ့ဖ်၏ နေရာတွင် အင်ဇာဂီကို အစားထိုးခန့်အပ် လိုက်ပြီ ဖြစ်သည်။
   အသက် ၄၀ ရှိပြီဖြစ်သော အီတလီတိုက်စစ်မှူးဟောင်း အင်ဇာဂီမှာ လူငယ်အသင်းနည်းပြဘ၀မှ မီလန်အသင်းကြီး နည်းပြအဖြစ် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ပြီးခဲ့သော ဇန်န၀ါရီလတွင် အယ်လီဂရီကို ထုတ်ပယ်ကာ ဆီးဒေါးဖ်ကို တာဝန်ယူစေခဲ့သော်လည်း မီလန်မှာ အဆင့် ၁၁ မှ အဆင့် ၈ အထိသာတက်နိုင်ကာ ရာသီသိမ်းခဲ့ရသည်။ ဆီးဒေါ့ဖ်မှာ စီးရီးအေ ၁၉ ပွဲတွင်နိုင်ပွဲ ၁၁ ပွဲရခဲ့သော်လည်း ဖလားရခဲ့သည့် ဂျူဗင်တပ်စ်နှင့် ၄၅ မှတ် အကွာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ဆီးဒေါ့ဖ်သည် မီလန်သို့ ကစားသမားအဖြစ် အင်ဇာဂီထက် ၁ နှစ်နောက်ကျကာ ၂၀၀၂ တွင် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ ၎င်းတို့ ၂ ဦးလုံး ကစားနေသည့်အချိန်တွင် မီလန်မှာ စီးရီးအေ ချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ကြပြီး ၂၀၁၂ တွင် အင်ဇာဂီက လူငယ်အသင်းနည်းပြ ဖြစ်လာခဲ့ပြီး ဆီးဒေါ့ဖ်က ဘရာဇီးကလပ် ဘိုတာဖိုဂို သို့ ပြောင်းရွှေ့သွားခဲ့ကြခြင်း ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here