Spain King's Cup News

တောရက်စ်ကို ချီးကျူးတဲ့ ဆီမြွန်းနီ

Jan 16 , 2015

ရီးရဲလ်အား စပိန်ဘုရင့်ဖလားဖလားပွဲမှ ထွက်သွားစေနိုင်ခဲ့သည့် ဂိုး ၂ ဂိုးသွင်းယူခဲ့သူ တိုက်စစ်မှူး တောရက်စ်ကို အက်သလက်တီကို နည်းပြ ဆီမြွန်းနီက ချီးကျူးလိုက်သည်။

အက်သလက်တီကိုမှာ အိမ်ကွင်းတွင် ရီးရဲလ်ကို ၂းဝ ဖြင့် နိုင်ခဲ့ပြီး ဒုတိယအကျော့အဝေးကွင်းတွင် ၂ ဂိုးစီ သရေကစားနိုင်ခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၄း၂ ဖြင့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ သည်။

ရီးရဲလ်အိမ်ကွင်းတွင် ကစားရသောပွဲတွင် တောရက်စ်က ၂ ကြိမ်တိုင် ဦးဆောင်ဂိုးများသွင်းခဲ့သူဖြစ်ပြီး ရီးရဲလ်ဘက်မှ ရာမို့စ်နှင့် စီရိုနယ်ဒိုတို့က ချေပဂိုးသွင်းနိုင် ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်အရ အက်သလက်တီကို နောက်တစ်ဆင့်တက်ခဲ့ခြင်း ဖြစ်သည်။

တောရက်စ်မှာ ကလေးဘ၀ကပင် အက်သလက်တီကိုကို အားပေးခဲ့သူဖြစ်ပြီး ယခုလတွင် မီလန်မှ အက်သလက်တီကိုသို့ ပြန်ရောက်လာသူ ဖြစ်သည်။

အက်သလက်တီကိုမှာ ကွာတားဖိုင်နယ်တွင် ဘာစီလိုနာနှင့် ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Spain King's Cup News


Advertisement
Here