Europe News

နည်းပြလုပ်ချင်တဲ့ ဂတ်တူဆို

Jan 16 , 2015

ကမ္ဘာ့ဖလားရ ကစားသမားဟောင်းတစ်ဦးဖြစ်သူ အီတလီသား ဂတ်တူဆိုက ဟာမီလ်တန် အကယ်ဒမီကလပ် နည်းပြရာထူးအတွက် လျှောက်ထားပြီ ဖြစ်သည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော ဂတ်တူဆိုမှာ စကော့တလန်ကလပ် ရိန်းဂျားစ်တွင် ၁၄ လကြာ ကစားခဲ့ပြီးနောက် ၁၉၉၈ တွင် ဆာလာနီတာနာသို့ ပြောင်းရွေှ့ သွားသူ ဖြစ်သည်။

အီတလီ လက်ရွေးစင်အသင်းကြီးအတွက် ၇၃ ပွဲကစားပေးခဲ့သည့် ဂတ်တူဆိုမှာ မီလန်တွင် ၁၃ နှစ်ကြာ ကစားခဲ့သူလည်းဖြစ်ကာ ၂၀၀၆ တွင် အီတလီအသင်း ကမ္ဘာ့ဖလားရရေး၌ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

ဆဲလ်တစ်တိုက်စစ်မှူးဟောင်း ဟတ်ဆန်မှာလည်းဟာမီလ်တန် နည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း သိရသည်။

၃၉ နှစ်သား ဟတ်ဆန်မှာ ဝေလ လက်ရွေးစင်အသင်းအတွက် ၅၁ ပွဲ ကစားပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here