Serie-A News

စီးရီးအေကို ဂျူဗီ ဆက်ဦးဆောင်

Jan 19 , 2015

ဂျူဗင်တပ်အသင်းမှာ ဗီရိုနာကို ၄းဝ ဖြင့် အနိုင်ရရှိခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။

အမှတ်ပေးဇယား ဒုတိယနေရာမှ ရိုးမားမှာ စနေနေ့က ပါလာမိုနှင့် ၁ ဂိုးစီသရေကျခဲ့သဖြင့် ဂျူဗင်တပ်နှင့် အမှတ်ကွာဟမှု ၅ မှတ် အထိ ရှိသွားခဲ့သည်။

ဂျူဗင်တပ်အသင်းမှာယမန်နေ့က ဗီရိုနာကို အိမ်ကွင်းတွင် ပိုကဘာ၊ တီဗက်ဇ် (၂ ဂိုး)၊ ပီရေရာတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

တတိယနေရာမှ နာပိုလီမှာ လာဇီယိုကို ၀း၁ ဖြင့် နိုင်ခဲ့သော်လည်း ဂျူဗင်တပ်နှင့် ၁၃ မှတ်၊ ရိုးမားနှင့် ၈ မှတ် ကွာဟနေဆဲ ဖြစ်သည်။

ဂျူဗင်တပ်အသင်းမှာ ကြာသပတေးနေ့ ကိုပါအီတာလျံဖလားပွဲတွင် ဗီရိုနာကို ၆း၁ ဖြင့် နိုင်ခဲ့ပြီး ယခုပွဲတွင် ၄းဝ ဖြင့် နိုင်ခဲ့၍ ၂ ပွဲပေါင်း ၁၀ ဂိုး အထိ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အမှတ်ပေးဇယားအောက်ဆုံးတွင် ပါးမားနှင့် ဆီစီနာတို့မှာ ၉ မှတ်စီဖြင့် ရပ်တည်နေပြီး အဆင့် ၁၈ ကက်ဂလီယာရီက ၁၆ မှတ် ရထားသောကြောင့် အောက်ဆုံး ၂ သင်းမှာ တန်းဆင်းရရန် ရာနှုန်းများလျှက် ရှိနေသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here