Serie-A News

တန်းတက်သည့် ဆီစီနာ

Jun 19 , 2014

 စီးရီးဘီကလပ် ဆီစီနာသည် တန်းတက် Play-off ပြိုင်ပွဲတွင် လာတီနာကို ၄:၂ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စီးရီးအေသို့ ပြန်ရောက် လာ ပြီဖြစ်သည်။

၂၀၁၁-၁၂ တွင် စီးရီးအေမှ တန်းဆင်းသွားရသော ဆီစီနာမှာ ၂ နှစ်အကြာတွင် တန်းပြန်တက်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ကျော့ ကစားရသည့် Play-Off ၂ ပွဲလုံးတွင် ၂:၁ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကျော့ကို လာတီနာ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရာ၌ ဘရူနိုက လာတီနာအတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့သဖြင့် လာတီနာအတွက် စီးရီးအေသို့ ပထမဆုံး တက်ရောက်နိုင်မည့် အခြေအနေသို့ ရောက် ရှိစေခဲ့သည်။

သို့သော် ဒီဖရယ်က ၅၂ မိနစ်တွင် ဆီစီနာအတွက် ချေပဂိုးသွင်းယူခဲ့ပြီး ကက်စီယိုနီက နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူ သွားခဲ့သဖြင့် လာတီနာအတွက် အသင်းသမိုင်းတစ်လျှောက် စီးရီးအေသို့ ပထမဆုံး ပြန်ရောက်ရမည့် အခွင့်အရေးပျက်ပြယ် သွားရခြင်း ဖြစ် သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here