Europe News

နိုင်ပွဲရတဲ့ အယ်လ်ဂျီးရီးယား

Jan 20 , 2015

၂၀၁၅ အာဖရိကနိုင်ငံများဖလားပွဲတွင် အယ်လ်ဂျီးရီးယား အသင်းမှာ တောင်အာဖရိကကို နောက်မှလိုက်ကစားရသော်လည်း ၃း၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုပွဲတွင် ဖလာက တောင်အာဖရိကအတွက် ၅၁ မိနစ်တွင် ဦးဆောင်ဂိုးသွင်းပေးခဲ့သော်လည်း ဟာရှာယိုက ၆၇ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ အယ်လ်ဂျီးရီးယားအတွက် ချေပဂိုးရသွားစေပြီးနောက် ဂူလမ်နှင့် ဆလီမာနီတို့က အယ်လ်ဂျီးရီးယား အတွက် အနိုင်ဂိုးများသွင်းယူပေးခဲ့ကြသည်။

ယခု အုပ်စု C တွင် အယ်လ်ဂျီးရီးယားနှင့်အတူ ဆီနီဂေါက ၃ မှတ်စီရထားပြီး ဂါနာနှင့် တောင်အာဖရိကတို့မှာ အမှတ်ရရန် ရုန်းကန်ရဦးမည်ဖြစ်သည်။

အုပ်စု B တွင် ၂ ပွဲလုံး သရေကျခဲ့သဖြင့် ကိတ်ဗာဒီ၊ ကွန်ဂို၊ တူနီးရှား၊ ဇမ်ဘီယာတို့မှာ ၁ မှတ်စီရထားကာ အုပ်စု A ကို ဂါဘွန်က ၃ မှတ်ဖြင့် ဦးဆောင်နေပြီး အုပ်စု D ပွဲစဉ်များကို ယနေ့စတင် ကစားကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here