Europe News

ရိန်းဂျားစ် ယာယီနည်းပြ နှုတ်ထွက်

Jan 20 , 2015

ရိန်းဂျားစ်ကလပ် ယာယီနည်းပြဖြစ်သူ မက်ဒိုဝေါလ်မှာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားပြီ ဖြစ်သည်။

အသက် ၅၁ နှစ်ရှိပြီဖြစ်သည့် မက်ဒိုဂေါလ်မှာ ရိန်းဂျားစ်ကို ၃ ပွဲသာ တာဝန်ယူပြီးနောက် အငြင်းပွားမှုအချို့ရှိခဲ့သည့်အတွက် နှုတ်ထွက်ခြင်းဖြစ်မည်ဟု ယူဆရသည်။

မက်ဒိုဝေါလ်မှာ ယခင်က နည်းပြ မက်ကွိုက်စ်၏ လက်ထောက်ဖြစ်ပြီး မက်ကွိုက်စ်ထွက်သွားသည့် ဒီဇင်ဘာလတွင် ယာယီနည်းပြဖြစ်လာခဲ့သည်။

ရိန်းဂျားစ်အသင်းမှာ ငွေကြေး ခက်ခဲမှုများရှိနေသည့် အသင်းဖြစ်ပြီး မက်ဒိုဝေါလ် စတင်ကိုင်တွယ်ခဲ့သည့် ဟီဘာနီယန်နှင့်ပွဲတွင် ၄းဝ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒူဘာတန်၊ အက်ကလက်တစ်တို့နှင့် ပွဲများတွင်နိုင်ခဲ့ကာ ဟတ်အသင်းနှင့်ပွဲတွင်မူ ဆီးနှင်းများထူထပ်စွာ ကျရောက်နေသဖြင့် ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ယင်းပွဲမှာ မက်ဒိုဝေါလ်အတွက် နောက်ဆုံးပွဲပင် ဖြစ်သည်။

စကော့တလန်လိဂ်တွင် ဟတ်အသင်းက ၅၄ မှတ်ဖြင့် အုပ်စုထိပ်တွင်ရှိနေပြီး ရိန်းဂျားစ်က ၄၁ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

U Myo Thant




<< Back Europe News


Advertisement
Here