Coppa Italia Cup News

ယုံကြည်မှုရှိတယ်ဆိုတဲ့ ဘင်နီတက်ဇ်

Jan 23 , 2015

ကိုပါအီတာလျံဖလားပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည့် နာပိုလီအတွက် မိမိအမြဲတမ်းယုံကြည်မှုရှိကြောင်း နည်းပြဘင်နီတက်ဇ်က ပြောဆို လိုက်သည်။

နာပိုလီအသင်းမှာ ကွာတားအကြိုအဖြစ် အူဒီနီးစ်နှင့် ကစားခဲ့ရာတွင် အချိန်ပိုအထိ ၂ ဂိုးစီ သရေကျနေခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ရယူရာတွင်မှ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အင်တာ (သို့မဟုတ်) ဆမ်ဒိုးရီးယားနှင့် ဧပြီ ၂ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲကစားရမည် ဖြစ်သည်။

ဘင်နီတက်ဇ်က အူဒီနီးစ်နှင့်ပွဲတွင် နောက်မှလိုက်ကစားခဲ့ရသော်လည်း ချေပဂိုးရခဲ့၍ ကျေနပ်ပါကြောင်း၊ တစ်ယောက်အသာနှင့် ကစားရသော်လည်း သာမန်ပွဲချိန် အတွင်း မနိုင်ခဲ့သည်မှာ ကံတရားသာဖြစ်ကြောင်း၊ မိမိကစားသမားများ အားလုံး ကြိုးစားခဲ့ကြကြောင်း၊ ယုံကြည်မှုအပြည့်ထား ကစားနိုင်ခဲ့၍ ကွာတားသို့တက်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here