FA Cup News

ရေပန်းစားလာတဲ့ အာဆင်နယ်

Jan 26 , 2015

FA ဖလား စတုတ္ထဆင့်ပြိုင်ပွဲများတွင် ပရီးမီးယား ထိပ်ဆုံး ၃ သင်းစလုံး အရှုံးများဖြင့် ရင်ဆိုင်ခဲ့ရသောကြောင့် လက်ရှိ FA ဖလား ချန်ပီယံ အာဆင်နယ်မှာ ထပ်မံဗိုလ်စွဲရန် ရေပန်းစားလာခဲ့သည်။

လွန်ခဲ့သော စနေနေ့က FA ဖလားပွဲတွင် ချဲလ်ဆီး၊ မန်စီးတီးနှင့် ဆောက်သင်တန်အသင်းများမှာ အိမ်ကွင်းတွင် ကစားရပါလျှက်နှင့် ရှုံးသွားခဲ့ကြသည်။

အခြားနာမည်ကြီးအသင်းများထဲမှ စပါးမှာလည်း အိမ်ကွင်းတွင် လီဆက်စတာကို ရှုံးသွားခဲ့ပြီး မန်ယူနှင့်လီဗာပူးတို့မှာ သရေပွဲကြုံခဲ့၍ ပြန်ကစားရဦးမည်ဖြစ်သည်။

အာဆင်နယ်အသင်းမှာ ဘရိုက်တန်အသင်းကို ၃း၂ ဖြင့် နိုင်ခဲ့ပြီး ပဉ္စမဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ကွာတားအကြို ဖြစ်သည့် နောက်ဆုံး ၁၆ သင်းအဆင့်၏ ပွဲစဉ်များကို ယနေ့မဲနှိုက်နေရာချထားပေးမည် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here