FA Cup News

မန်ယူနဲ့တွေ့ချင်တဲ့ ဘရက်ဖို့ဒ်နည်းပြ

Jan 26 , 2015

ချဲလ်ဆီးကို အနိုင်ကစားခဲ့သော ဘရက်ဖို့ဒ်အသင်းမှ နည်းပြပတ်ကင်ဆန်က သူ့အနေနှင့် လာမည့် FA ဖလား ပဉ္စမဆင့်တွင် မန်ယူနှင့်ဆုံလိုကြောင်း ပြောဆို လိုက်သည်။

ဘရက်ဖို့ဒ်အသင်းမှာ ချဲလ်ဆီး၏ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ပထမပိုင်း၌ ၂း၁ ဖြင့် ရှုံးနေရာမှာ နောက်ဆုံးတွင် ၂း၎ ဖြင့် အနိုင်ရသွားခဲ့ရာ ပရိသတ်အများစုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

ကမောက်ကမရလဒ်များ ထွက်တတ်သော FA ဖလားပွဲတွင် ချဲလ်ဆီးနှင့်အတူ မန်စီးတီး၊ ဆောက်သင်တန်၊ စပါးတို့သည်လည်း အိမ်ကွင်းများတွင်ပင် ရှုံးခဲ့ကြပြီး မန်ယူမှာ အဝေးကွင်းတွင် ကိန်းဘရစ်ခ်ျကဲ့သို့သော အသင်းငယ်လေးနှင့် သရေကျခဲ့ရသည်။

လိဂ်ဝမ်းအသင်းတစ်သင်းဖြစ်သော ဘရက်ဖို့ဒ်မှ နည်းပြ ပတ်ကင်ဆန်က မိမိတို့အနေနှင့် ယနေ့ မဲခွဲမည့် ပဉ္စမဆင့်ပွဲစဉ်တွင် မန်ယူကို အိုးလ်ထရက်ဖို့ဒ်၌ သွားရောက် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here