Capital One Cup News

ဒီည အနိုင်ကန်မယ့် ချဲလ်ဆီး

Jan 27 , 2015

FA ဖလားမှ ထွက်ခဲ့ရသော ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့ ယနေ့ည ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် လီဗာပူးကို အနိုင်ကစားမည်ဟု ပြောဆို လိုက်သည်။

ချဲလ်ဆီးနှင့် လီဗာပူးမှ ပထမအကျော့ ကစားစဉ်က ၁ ဂိုးစီ သရေကျခဲ့ပြီး ယခု ဒုတိယအကျော့ကို စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားကြမည် ဖြစ်သည်။

FA ဖလား စတုတ္ထဆင့်တွင် ချဲလ်ဆီးမှာ အိမ်ကွင်း၌ အသင်းငယ်လေး ဘရက်ဖို့ဒ်ကို အံ့သြဘွယ်ရာ ၂း၎ ဖြင့် ရှုံးခဲ့ရပြီး လီဗာပူးမှာလည်း ယင်းအဆင့်ပြိုင်ပွဲ အိမ်ကွင်းတွင် ဘော်လ်တန်ကို ဂိုးမရှိ သရေသာကစားနိုင်ခဲ့ကြသည်။

မော်ရင်ဟိုက "ကျနော်တို့ FA ဖလားဖိုင်နယ်ကို မရောက်နိုင်တော့ဘူး။ ဒါ....သေချာသွားပြီ၊ ဒီတော့ အခုပွဲဟာ အရေးကြီးပွဲပဲ၊ ဘရက်ဖို့ဒ်အကြောင်း မေ့ထားလိုက် ကြပါစို့" ဟု ပြောဆိုသွားခဲ့သည်။

ကက်ပီတယ်ဝမ်း အခြားဆီမီးဖိုင်နယ်ပွဲမှာ ရှဖီးယူနိုက်တက်နှင့် စပါးတို့ဖြစ်ပြီး ပထမအကျော့တွင် စပါးက ၁းဝ ဖြင့် အနိုင်ရထားခဲ့သည်။

U Myo Thant

<< Back Capital One Cup News


Advertisement
Here