FA Cup News

အသင်းငယ်နဲ့တွေ့ရဦးမယ့် မန်ယူ

Jan 27 , 2015

FA ဖလား စတုတ္ထဆင့် ပြန်ကန်ပွဲတွင် မန်ယူသာ ကိန်းဘရစ်ခ်ျကို အနိုင်ရခဲ့ပါက ပဉ္စမဆင့်တွင် လိဂ်ဝမ်းအဆင့်မှ အသင်းနှင့်သာ တွေ့ရဦးမည် ဖြစ်သည်။

FA ဖလား ပဉ္စမဆင့်ပွဲစဉ်များ မဲနှိုက်ရာတွင် အာဆင်နယ်အသင်းမှာ မန်စီးတီးကို နိုင်ခဲ့သည့် မစ်ဒယ်ဘရော့နှင့် တွေ့ရမည်ဖြစ်ပြီး လီဗာပူးက ပြန်ကန်ပွဲ တွင် ဘော်လ်တန်ကို နိုင်ခဲ့ပါက ပဉ္စမဆင့်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

FA ဖလား တတိယဆင့်နှင့် စတုတ္ထဆင့်တို့တွင် အသင်းငယ်များနှင့်သာ တွေ့ခဲ့ရသော မန်ယူမှာ ယခု ပဉ္စမဆင့်သို့ တက်လာနိုင်ခဲ့ပါကလည်း လိဂ်ဝမ်းမှ ရှဖီး ယူနိုက်တက် (သို့မဟုတ်) ပရက်စတန်အသင်းနှင့်သာ ဆုံရလိမ့်မည် ဖြစ်သည်။

အခြားပွဲစဉ်များမှာ ဗီလာ - လီဆက်စတာ၊ ဘလက်ဘန်း-စတုတ်၊ ဘရက်ဖို့ဒ်-ဆန်းဒါးလန်း (သို့မဟုတ်) ဖူဟမ်၊ ဒါဘီ-ရီးဒင်း၊ ၀က်စ်ဘရွန်း-၀က်စ်ဟမ်း ပွဲများ ဖြစ်ကြသည်။

စတုတ္ထဆင့် ပြန်ကန်ပွဲမှာ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် ဖြစ်ပြီး ပဉ္စမဆင့်ပွဲများမှာ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖြစ်သည်။

U Myo Thant




<< Back FA Cup News


Advertisement
Here